အမေရိကပြည်ထောင်စုမှ မြန်မာပြည်အား..

13 Comments

  • Zar Chi Aye - 12 years ago

    myanmargazette Wetsite ကိုအခုမှ ၀င်ဖူးတာဆိုတော့ ဘာမှနားမလည်သေးလို့ လေ့လာတုန်းဆိုတော့ သိတဲ့သူများ နားလည်အောင် ရှင်းပြပေးစေချင်ပါတယ်

  • Onyx - 12 years ago

    လူမျိုးဆိုရင်တော့ ကျွန်တော် တို့ကို ဗမာလို့ ခေါ် ပြီး။ နိုင်ငံ အနေနဲ့ဆိုရင်တော့ မြန်မာ ပါ ။
    မြန်မာဆို ရင် တိုင်းရင်းအားလုံးပါတဲ့ ပြည်ထောင်စု နိုင်ငံကို ကိုယ်စားပြုပါတယ်။
    ဗမာ ဆိုရင်တော့ လူမျိုးတစ်ခုထဲကိုပဲ ကိုယ်စား ပြုတာ ဖြစ်ပါတယ် ။
    သမိုင်းကို သေ ချာ ဖတ်စေချင်ပါတယ် ။ ။

  • Ko lay - 12 years ago

    သဘာဝကျကျစဉ်းစားရင် Burma ဟာအမှန်ပါ ။
    သမိုင်းအစမှာ အင်္ဂလိပ်တွေဟာ ဗမာတွေ နဲ့ စတင်ထိတွေ့ ပါတယ် ။
    အဲဒီအခါ သူစတင်ထိတွေ့ ရတဲ့လူမျိုး ဗမာ ဆိုတာကို အင်္ဂလိပ်လို အသံထွက်လိုက်တော့ သူ့ ရဲ့အင်္ဂလိပ်လေသံအတိုင်း (Burma)ဘာ့မား ဆိုတဲ့အသံ ဖြစ်လာတာပါ ။
    ကျွှန်တော်တို့ ဟာ ကိုယ့်ကိုကိုယ် ဗမာလို့ လဲပြောနိုင်ပါတယ် ၊ မြန်မာလို့ လဲသုံးနိုင်ပါတယ် ။
    သူတို့ ကတော့ သူတို့  လေသံအရ Burma လို့ ဘဲ ထွက်မှာပါဘဲ ။
    ဗြောင်းပြန် ပြန်စဉ်းစားရင် သူတို့ Englishဟာ တွေပါ ၊ ဒါပေမဲ့ ဗမာသံနဲ့ ထွက်လိုက်တော့ အင်းဂလိပ် လို့ ထွက်လာပါတယ် ၊ သူတို့ အသံနဲ့ အနီးစပ်ဆုံး ထွက်ပေးရမယ်ဆိုရင်တော့ အင်း..ဂလိရှ် လို့ ထွက်ပေးရပါမယ် ။ ဒါဟာဗမာတွေအတွက် (လူနဲစုကလွှဲရင်) ဖြစ်နိုင်ချေ နဲတဲ့ကိစ္စပါဘဲ ။
    ဒီတော့ သဘာဝကျကျ စဉ်းစားရင်...
    Englishကလဲ သူ့ လေသံအတိုင်း ကျွန်တော်တို့  ဗမာတွေကို (Burma)ဘာ့မား လို့ ခေါ်ပါလိမ့်မယ် ။
    ကျွန်တော်တို့ ကလဲ ဗမာ့လေသံအတိုင်း သူတို့ ကို (English) အင်းဂလိပ် လို့ ခေါ်ပါမယ် ။
    တကယ်တော့ နံမည် ဟာအရေးမကြီးပါဘူး ၊ နိုင်ငံရဲ့ တိုးတက်မှုနဲ့  စွမ်းဆောင်ရည် သည်သာအရေးအကြီးဆုံးလို့ ဆိုပါရစေ ။

  • nita - 12 years ago

    မြန်မာဆိုတာတိုင်းရင်းသားအားလုံးပေါင်းစည်းထားတာလေ-ဘားမားဆိုတာ ဗမာလူမျိုးတစ်ခုတည်းအတွက်ရည်းရွယ်တယ်လိုထင်ပါတယ်

  • SundayBorn - 12 years ago

    ကိုမြန်မာရေ...Burma လို့ပဲခေါ်ချင်နေကြတဲ့သူတွေကို...အတိတ်မှာပဲ..ထားခဲ့တော့ဗျာ..လေကုန်ပါတယ်. အကောင်းမြင်ဝါဒ..ဆိုတာမရှိ...န၀တလုပ်ခဲ့တာနဲ့ပဲ...မြန်မာပြောင်းမခေါ်ရဘူးတဲ့လား...သူ့မှာလည်း...ကောင်းတဲ့တွေးခေါ်မှုနဲ့လုပ်ခဲ့တာရှိဦးမှာပေါ့...လှေနံဓါးထစ်ဆိုတာ...စကားပုံအနေနဲ့ပဲပြောလို့ကောင်းတာ...အသိခေါက်ခက် အ၀င်မနက်ကြပါနဲ့...ယိုဒယားကလည်း....သိပ်အဓိပ္ပါယ်ရှိတဲ့...Thailand လို့ပြောင်းခဲ့သေးတာပဲ.... burma လို့ပဲခေါ်ချင်နေကြတဲ့သူတွေဟာ...သူတို့ကိုယ်တိုင်မကျွမ်းကျင်မလိမ္မာတဲ့...ရှင်းရှင်းပြောရင်...နိုင်ငံရေး ဆိုတဲ့အနှစ်သာရကိုပါ ဇောက်ထိုးတွေးခေါ်ပီး...မြင်မြင်ရာ..အကုန်ကန့်ကွက်ဆန့်ကျင်နေလေတော့တာပဲ.......
    ကျနော်ကတော့...ဗမာ ၈ မျိုးထဲကမှ ထားဝယ်သားပါ...ငယ်ကတည်းက တိုင်းရင်းသားပေါင်းစုံနဲ့ ထိတွေ့ ဆက်ဆံလာတော့ တိုင်းရင်းသားတွေကို ချစ်ခင်လေးစားတယ်.. ဒီလောက်အမျိုးများတဲ့ တိုင်းပြည်မှာ ...Unity ဖြစ်မှုကို ကိုယ်စားပြုတဲ့ "မြန်လည်းမြန်ပီး မာလည်းမာသော" လို့အဓိပ္ပါယ်ရတဲ့...
    "Myanmar" လို့သာတန်ဘိုးထားခေါ်ကြပါစို့လား....ကိုရွှေ....အစ်မရွှေ...အပေါင်းတို့ရေ.....

  • Myanmar - 12 years ago

    Burma ဆိုတာ ကိုလိုနီခေတ်တုန်းက ခေါ်ခဲ့တဲ့နာမည်ပါ.. အခုကျွန်တော်တို့နေတာ မြန်မာပြည်။ မြန်မာပြည်ကို မြန်မာလို့ပဲခေါ်ပြီး သဘာဝကျစေချင်ပါတယ်.. Burma လို့ ခေါ်စေချင်တယ်ပြောတဲ့ သူတွေကို အံ့သြမိတယ်.. ဘယ်လိုအတွေးနဲ့ခေါ်စေချင်တာပဲ သူတို့ပဲ လွတ်လပ်ရေးမရကြသေးလို့လားလို့..။

  • သိရန်မလို - 12 years ago

    ကျွှန်တော်ဘာမှမသိပါ

  • MYANMAR - 12 years ago

    သေသေချာချာလေ့လာပါ ရှေးယခင်ကတည်း ကကျောက်စာတွေမှာမြန်မာလို့ ပဲရေးထိုးထားတာပါ
    အင်္ဂလိပ်ကိုလိုနီတွေ မြန်မာကိုအသံမထွက်တက်တာနဲ့  ကုလားတွေခေါ်တဲ့ ''ဘားမား'' လိုက်တာနှစ်တစ်ရာကျော်သွားပါတယ် ။
    ကုလားကြီးနဲ့ အရာကြီးက ဘယ်လိုခေါ်ခေါ် မထူးပါဘုးလူအမည်တွေမို့ ပါ
    မြန်မာနဲ့  ဗမာ ကတော့ထူးပါတယ် နိုင်ငံတွေဖြစ်နေလို့ ပါ
    ကိုလိုနီတွေကသူတို့ ပေးခဲ့တဲ့နာမည်ကို ပဲခေါ်ဖို့ အားသန်နေတယ်ဆိုရင်
    ကျွန်တော်တို့ ကလည်းငြင်းဆန်ဖို့ ဝန်မလေးပါဘူး

    http://en.wikipedia.org/wiki/Burma

  • wonna - 12 years ago

    လက်၇ှိ မြန်မာနိုင်ငံဟာဗမာအပါဝင်တိုင်း၇င်းသားများလည်း၇ှိတယ်လေး ဗမာလို့ခေါ်လိုက်၇င်တကိုယ်တော် ဗမာလူမျိုးသက်သက်နိုင်ငံဖြစ်နေမှာပေါ့ ကျတော်အမြင်နဲ့ဆို လက်၇ှိချစ်ခင်စွာနေထိုင်လျက်၇ှိသောတိုင်း၇င်းသားတွေဟာ ဒီနိုင်ငံအခေါ်လေးလောက်သောအကြောင်းနဲ့သာနာခါးလာကျလိပ့်မယ်လို့ပြောလို့၇ပါတယ်မြန်မာလို့ပဲဆက် လက်ခေါ်ဆိုသွား၇င်ကောင်းမှာပါ

  • poem2009 - 12 years ago

    my country name is myanmar.

  • mg - 12 years ago

    ကျွန်တော်တို့ရဲ့အခော်အဝော်မှာကို ရှေးယခင်ကတည်းက ဗမာ၊ မြန်မာ အခေါ်နှစ်မျိုးလုံးရှိခဲ့ပေမယ့်။ ဗမာလို့အခေါ်ကပိုများခဲ့လို့ အဂ်လိပ်က Burma လို့အနီးစပ်ဆုံးအသံထွက်ခေါ်ခဲ့တယ်လို့ကြားဖူးပါတယ်။ တကယ်တမ်း ကမြန်မာလို့ခေါ်လည်း ကျွန်တော်တို့လူမျိုးပဲ။ ဗမာလို့ခေါ်လဲကျွန်တော်ပဲဆိုတော့။ ကုလားကြီးနဲ့ အရာကြီးခေါ်တာ ဒီတယောက်တည်းခေါ်တာပဲ။ ဒါကလူမျိုးရေးပြဿနာရှိတဲ့ကိစလဲမဟုတ်ခဲ့ပါဘူး။ ရှမ်းတွေက သူတို့ရှမ်းပြည်ကလာတယ်ပြောမှာပဲ။ ဒါကအမှန်ပဲ ခွဲခြားတဲ့ပုံစံလို့မယူဆဘူး။ ဗမာတွေရှမ်းပြည်ရောက်လာရင် ဗမာပြည်ကလာလည်တာလားလို့ ရိုးရိုးသားသားပဲပြောကြတယ်။ အခုအဂ်လိပ်လို Myanmar လို့အမည်တပ်ဖို့ အမိန့်ပေးခဲ့တာက နဝတအစိုးရကမှစခဲ့တာပါ။ သူ့ရှေ့ကဦးနေဝင်းရဲ့ တော်လှန်ရေးကောင်စီ၊ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကရောမပြောင်းမလဲပဲ ဒီအတိုင်း Burma လို့ပဲသုံးခဲ့တာအထင်အရှားပါ။ Germany လိုမျိုးနိုင်ငံက သူ့နိုင်ငံကို ပြည်တွင်းက တကယ့်အခေါ်နဲ့တက်တက်စင်အောင်လွဲနေတာတောင် လူသိများထင်ရှားနေတဲ့နိုင်ငံအမည်ကို ဂုဏ်သိခါတခုအနေဲ့ မပြောင်းနေတာကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ အဂ်လိပ်လို Burma လို့သုံးရင် လူမျိုးရေးခွဲခြားတာ၊ တိုင်းရင်းသားစီးလုံးညီညွတ်ရေးကို ပျက်ပြားစေတယ်ဆိုတဲ့ နဝတရဲ့ ဝါဒဖြန့်မှုကို နားယောင်နေမယ်ဆိုရင် တက်တက်စင်အောင်လွဲပါလိမ့်မယ်။

  • nan - 12 years ago

    မြန်မာဂဇက်တက်ဆိုဒ်ကိုမ၀င်တတ်လို့
    ပြောပြပေးပါ့လား

  • myahninsi - 12 years ago

    အမေရိကားရောက် တိုင်းရင်းသားများသည် အားလုံးမြန်မာနိုင်ငံသားများဖြစ်ပြီး မြန်မာနိုင်ငံမှနည်းမျိုးစုံဖြင့် လာရောက်ကြသူများဖြစ်ပါသည်။ သို့သော်လည်း မြန်မာနိုင်ငံမှလာသော ကရင်၊ ချင်း၊ ရခိုင်ဟုမခံယူပဲ ကရင်ပြည်၊ ချင်းပြည်၊ ရခိုင်ပြည်မှလာသောသူများဟု ပြောဆိုလေ့ရှိပါသည်။ ထိုကြောင့် ယနေ့ အမေရိကားသို့ ရောက်ရှိနေကြသော တိုင်းရင်းသားများ ဗမာလူမျိုးများအပါအ၀င် အားလုံးသည် မြန်မာပြည်မှလာသော ဗမာလူမျိုးများမဟုတ်ပဲ မြန်မာလူမျိုးများ သာဖြစ်သောကြောင့် မြန်မာဟု ခေါ်စေချင်ပါသည်။

Leave a Comment

0/4000 chars


Submit Comment