အမေရိကပြည်ထောင်စုမှ မြန်မာသို့ စီးပွားရေးပိတ်ဆို့ထားမှုအား....
5 Comments
  • Chithty - 12 years ago
    အနောက်နိုင်ငံအများစုရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့ပေးရုံတင်ဘယ်ကပါ့မလဲ ဒီထက်ပိုပြီးတော့
    ပွင့်လင်းမှုတွေရချင်တာပေါ့။ဒါမှလည်းနိုင်ငံရဲ့စီးပွားရေးက ဈေးကွက်စီးပွားရေးစနစ်ပိုပြီးပီပြင်လာမှာပေါ့။
    ဒီလိုစီးပွားရေးပိတ်ဆို့ထားတာတွေကို လူနည်းစုတစ်ခုတည်းနဲ့ဘယ်ဖြစ်နိုင်ပါ့မလဲ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးဝိုင်းဝန်းလုပ်ဆောင်ပေးကြမှာသာလျှင် အောင်မြင်တဲ့ပန်တိုင်ကို
    ရောင်ရှိနိုင်မှာပါ။ ကျွန်တော်တို့ရဲ့နိုင်ငံက လောဘကြီးသူတချို့ကြောင့် မွဲပြာကျခဲ့ရဖူးပြီးပြီ။ ဒီ စီးပွားရေးပိတ်ဆို့
    ထားမှုတွေကိုလည်း အားလုံးဖြေလျှော့ပေးလိုက်ရင်ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။ အားလုံးဝိုင်းပြီးတော့
    ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေကြတဲ့အချိန်မှာ တစ်ယောက်ကိုတစ်ယောက်အပြစ်တင်နေ
    ကြရမယ့် အချိန်မဟုတ်တော့ပါဘူး။ တိုင်းရင်းသားညီနောင်သားတွေအားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူရှေ့ဆက်သွားကြပါစို့လား။ပြည်ထောင်စုကြီးထာဝရငြိမ်းချမ်းပါစေ-----------------------------------။
  • M - 12 years ago
    ငါက
  • ပြောဘူးကွာ သတ်ချင်သတ်လိုက်၊ ငါ့နာမည်ကြောင်ကြီး - 12 years ago
    တနင်္ဂနွေ, 15 ဇန်နဝါရီ 2012
    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လွတ်မြောက်ခါစ အထင်ကရ နိုင်ကျဉ်းတွေနဲ့ တွေ့ဆုံ
    By မသိင်္ဂီထိုက်
    ဗွီအိုအေမြန်မာပိုင်း
    မြန်မာ့နိုင်ငံရေး အခြေအနေဟာ မျှော်မှန်းထားသလို ပြောင်းလဲ တိုးတက်မှု မရှိသေးဘူးလို့ မကြာခင်က လွတ်လာတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အလန်ယူပေ (Alain Juppe) စနေနဲ့ တနင်္ဂနွေနေ့တို့မှာ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မသိင်္ဂီထိုက်က ဆက်သွယ် မေးမြန်းထားပါတယ်။
    ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေ ဟာ မကြာခင်က အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၊ ကိုမြအေးတို့နဲ့ အတူ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးခွန်ထွန်းဦး တို့နဲ့ ဇန်န၀ါရီလ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့က ပြစ်သစ်သံရုံးမှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေး အခြေအနေဟာ တိုးတက်ပြောင်းလဲမှု ရှိတယ်ဆိုပေမဲ့ ဆက်ပြီး ပြုပြင် ပြောင်းလဲစရာတွေ လိုနေသေးတဲ့အကြောင်း ၈၈ မျိုးဆက် ကျောင်းသားတွေက ပြောဆိုခဲ့တယ်လို့ ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမြအေးက ပြောပါတယ်။
    “ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများထဲက ကိုကိုကြီးရယ်၊ ကျနော်ရယ်ပေါ့နော်။ နောက်တစ်ခါ SNLD ပါတီက ဦးခွန်ထွန်ဦးပေါ့နော်။ ဒီသုံးယောက်နဲ့ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးနဲ့တွေ့ပါတယ်။ အဓိက ကတော့ လက်ရှိဖြစ်ပေါ် တိုးတက်နေတဲ့ နိုင်ငံရေးအခြေအနေအပေါ်မှာ ကျနော်တို့ရဲ့ အမြင်ပေါ့ဗျာ။ ဒီအပေါ် ကျနော်တို့ရဲ့ အမြင်တွေကို အဓိကထားပြီး မေးတာပါပဲ။ ဒါကတော့ ဥပမာပြောရရင် ဂျာနယ်တွေ၊ မီဒီယာတွေပိုင်းက ပြောမယ်ဆိုရင် မီဒီယာတွေက အနည်းငယ် အရင်ကထက် လွတ်လပ်မှု၊ ပွင့်လင်းမှု ရှိလာတာကတော့ အမှန်ပဲလေ။ သို့သော်လည်း ကျနော်တို့ လိုချင်တဲ့ တိုးတက်ပြောင်းလဲမှု ကိုတော့ မတွေ့သေးဘူးပေါ့နော်။ ယေဘုယျအားဖြင့်တော့ တိုးတက်ပြောင်းလဲမှုကို ကျနော်တို့ သတိနဲ့ထားပြီး စောင့်ကြည့်နေတယ် ဆိုတာကို ကျနော်တို့ ပြောခဲ့ပါတယ်။”
    မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖို့အတွက် ဥရောပသမဂ္ဂ အနေနဲ့ ရှေ့ဆက်ပြီး ပါဝင် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ပြန်လည် ဆွေးနွေးခဲ့တာတွေကိုတော့ ကိုမြအေးက အခုလို ပြောပါတယ်။
    “နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အထူးသဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားရေးအတွက်ကို ဆက်လက်ပြီးတော့မှ ဥရောပသမဂ္ဂနဲ့ ပေါင်းပြီးတော့ ဆက်လက်ပြီး လုပ်ကိုင်သွားမယ့်အကြောင်း ကျနော်တို့ကို ပြောပြပါတယ်ခင်ဗျ။”
    တနင်္ဂနွေနေ့မှာတော့ ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်နဲ့ ထပ်ပြီး တွေ့ဆုံခဲ့ပါတယ်။
    “နှစ်ယောက်တည်းပဲ။ ကျနော်တို့ လောလောဆယ် ဒီနှစ်ယောက်တည်းပဲ တွေ့ပါတယ်ခင်ဗျ။ နောက်တစ်ခါ ဒီနေ့မှာ ကိုမင်းကိုနိုင်နဲ့ ဒီကနေ့ကျမှ ထပ်တွေ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုမင်းကိုနိုင်နဲ့ ကျနော်တို့ မနေ့က တွေ့ဖို့ရှိတယ်လေ။ ဒါပေမဲ့ ကိုမင်းကိုနိုင်က ရန်ကုန်ရောက်တာ ည ၉ နာရီလောက်မှ ရောက်တယ် ဆိုတဲ့အခါကျတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ဒီနေ့မှပဲ ပြင်သစ်နိုင်ငံခြားရေး ၀န်ကြီးနဲ့ ကိုမင်းကိုနိုင်နဲ့ တွေ့တာပါ။ ဒီနေ့မှ ရန်ကုန်ကို ရောက်တဲ့သူတွေက၊ အခုထက်ထိဆိုရင် ဗန်းမော်ထောင်က လွတ်လာတဲ့သူတွေဆိုရင် မရောက်ကြသေးဘူးလေ။ ဒီနေ့မှ ရန်ကုန်ကို ရောက်တဲ့သူက ဆုံမှာပါ။ အဲဒီတော့မှ ကျနော်တို့ နောက်တစ်ရက် နှစ်ရက်နေတော့မှ တွေ့ဖြစ်မှာပါ။”
    ပြင်သစ်နိုင်ငံ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ ဥရောပသမဂ္ဂဟာ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စီးပွားရေးအရ ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတွေ လုပ်ထားတာ ဖြစ်ပါတယ်။ အခု ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးရဲ့ အခုခရီးစဉ်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပထမဆုံး လာရောက်တဲ့ ပြင်သစ်ရဲ့ အဆင့်အမြင့်ဆုံး သံတမန် ခရီးစဉ်လည်း ဖြစ်ပါတယ်။
  • ပြောဘူးကွာ သတ်ချင်သတ်လိုက်၊ ငါ့နာမည်ကြောင်ကြီး - 12 years ago
    အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့ – talk with U Gambira
    ဦးဂမ္ဘီရနှင့် Yangon Press International အင်တာဗျူး
    ဇန်န၀ါရီ ၁၅၊ ၂ဝ၁၂
    ၂၀၀၇ သံဃာ့ အရေးအခင်းကာလတွင် အာဏာပိုင်များက ၀င်ရောက် စီးနင်းခဲ့ပြီး ချိတ်ပိတ်ခံထားရသော ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတိုက်သို့ စနေနေ့နံနက်က ရောက်ရှိလာခဲ့သော ဦးဇင်း ဦးဂမ္ဘီရအား ၀ိုင်ပီအိုင်က တွေ့ဆုံမေးမြန်းထားသည်။
    ဦးဂမ္ဘီရ။ ။ ပြောင်းလဲတယ်ဆိုတာ လက်ရှိအနေအထားမှာ ကျုပ်မနေ့က ထောင်ကလွတ်လာတယ်၊ ဒီနေ့ ရန်ကုန်ပြန်ရောက်တယ်။ ဒါကတော့ အသေချာဆုံးပဲ၊ ကျန်တာတွေကတော့ ဘာတွေပြောင်းလဲတယ် ဆိုတာ သေချာ မသိရသေးဘူး၊ သိပ်တော့ မထူးခြားသေးပါဘူး။
    လက်ရှိအနေအထား ဘာသုံးသပ်မိသလဲ ဆိုတော့ ခင်ဗျားတို့ ပြောတာ ကျုပ်ကြားနေရတာလည်း တော်တော် ဒေါသထွက်တယ်။ အများကြီး ပြောင်းလဲသွားပြီ၊ အများကြီး တိုးတက်သွားပါပြီ အများကြီးအခွင့်အရေးတွေရသွားပြီဆိုတာ ၊ အဲဒါခင်ဗျားတို့ အရင်တုန်းက မတရားဖိနှိပ်ခံထားခဲ့ကြရတာကို၊ အဲဒီကနေ နည်းနည်းလေး အခွင့်အရေး မစို့မပို့လေး ရတာကိုပဲ တကယ့် အခွင့်အရေးကြီး ရနေသလို၊ အရင်ကနဲ့ သွားတိုင်းတာကို…
    ဦးဂမ္ဘီရ။ ။ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာတွေက Freedom of speech တို့ Freedom of press တို့ ဘယ်လောက်ရနေပြီလဲ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ စီတန်း လှည့်လည်ခွင့်၊ ပုံနှိပ် ထုတ်ဝေခွင့် ဘယ်လောက် ရှိနေပြီလဲ၊ သူတို့ ဥပဒေပြုတဲ့အထဲမှာ ငြိမ်းချမ်းစွာ စုဝေးခွင့်အတွက် ခွင့်ပြုချက် တောင်းရမယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး၊ ကိုယ့်ဆန္ဒဖေါ်ပြတာကို ခွင့်ပြုချက် တောင်းနေရဦးမလား၊
    အကျဉ်းထောင်တွေထဲမှာ လူမဆန်ဘဲ လုပ်ခဲ့တာတွေ အများကြီးပဲ၊ လွတ်ခါနီး လပိုင်းအလိုလောက်ကမှ ဆန်ကောင်း ကျွေးသလိုလို ဘာလိုလိုနဲ့၊ ခင်ဗျားတို့ သိပ် မထင်နဲ့၊ အရင်ထက် နည်းနည်းလေး ကောင်းလာတာကိုပြောတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မပြည့်စုံ၊ ဆေးဝါး အလုံအလောက်မရှိ၊ ဆရာဝန် အလုံအလောက်မရှိဘူး၊ နေရေးထိုင်ရေး စားသောက်ရေးတွေ ထောင်ထဲမှာ လိုအပ်နေတုန်းပဲ စစ်အာဏာရှင်စနစ်ရဲ့ စရိုက်ဆိုးတွေ အကျင့်ဆိုးတွေ ထောင်ထဲမှာ အခုထိ ရှိသေးတယ်။
    ဦးဂမ္ဘီရ။ ။ စုံစမ်းရေးကော်မရှင် လိုအပ်တယ် လို့ ပြောတာ ဘယ်လောက်ကြာပြီလဲ၊ အခုရပြီလား၊ အခုထိ ဘာဖြစ်တုန်း၊ အခုလုပ်နေပြီလား၊ ရပြီလား၊ ဒါပါးစပ်ကပြောတာ၊ ဒုန်းဒိုင်း တံဆိပ်တွေနှိပ်၊ မြန်မာနိုင်ငံ အခြေအနေက လူ့အခွင့်အရေး စိမ်ခေါ်မှုတွေရှိနေတယ် ဘာညာနဲ့ပြောနေပေမဲ့ ဘယ်လောက် လက်တွေ့ကျကျ လုပ်နေလို့တုန်း၊
    ဦးဂမ္ဘီရ။ ။ အပြောင်းအလဲ အပြောင်းအလဲနဲ့ စကားလုံးလှလှတွေနဲ့ ကဗျာဆန်ဆန်တွေ လျှောက်မလုပ်နဲ့၊ အမေရိကန်က အိုဘာမားက Change ဆိုတိုင်း သံယောင်လိုက်နေကြတာ၊ ဘာတွေ Change လို့လဲ၊ တချိန်းချိန်းနဲ့ကြာတော့ ဖတ်ရတာတစ်မျိုးပဲဗျာ၊ ထောင်ထဲမှာကလည်း ဒါပဲ ဖတ်ရတာကို၊ မလုံမလောက် စာပေ လွတ်လပ်ခွင့်လေးနဲ့ရတဲ့ ဂျာနယ်ဘ၀နဲ့ ပုံနှိပ်ထားတာတွေ ဖတ်ပြီး အပြင်ကို မှန်းနေရတာ အံစာတုံးလေးတွေ ဆက်သလို ဆက်စပ်ကြည့်နေရတာ၊
    ဟိုမှာ တိုင်းရင်းသားတွေဘာဖြစ်နေပြီ၊ ကချင်ပြည်နယ် ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်တွေ ပြည့်နှက်နေပါပြီ၊ နိုင်ငံတော် သမ္မတက အပစ်အခတ်တွေ ရပ်ဖို့ပြောတယ်။ ဒါပေမယ့် ပစ်တုန်း ဒါ ဘာလို့ မဖြေရှင်းတာလဲ၊ ကုန်ဈေးနှုန်းတွေ
    တက်နေတာ ဘာလို့မဖြေရှင်းပေးတာလဲ၊
    ဆယ်စုနှစ်ပေါင်းများစွာ လူ့အခွင့်အရေး ချိုးဖေါက်ခံထားရတာ၊ အခုပဲကြည့် ကျူပ်တို့ လွတ်လာပြီ၊ တစ်ချို့ ကျန်ခဲ့သေးတယ် ဦးမြင့်အေးတို့ အေးအောင်တို့ ဉာဏ်ရွှေတို့ လူ့အခွင့်အရေး မြှင့်တင်ရေးအဖွဲ့ကို မတရားပုဒ်မတွေတပ်ထားတာ ဖေါက်ခွဲရေး ပုဒ်မတွေ တပ်ထားတာ၊ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ တရားဥပဒေစိုးမိုးမှု မရှိဘူး ဆိုတာပဲ၊ လုပ်ရပ်နဲ့ ပုဒ်မနဲ့က တခြားစီ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ် ဘာညာနဲ့ ကျုပ်တို့တော့လွတ်လာပြီ၊ ဘာလို့ သူတို့ ချန်ထားလဲ၊ ဒါ မရိုးသားဘူး၊ ဒီလိုသာ မရိုးမသား လုပ်နေလို့ကတော့ ဘာဒီမိုကရေစီမှ ဖြစ်မှာ မဟုတ်ဘူး ။
  • ပိုင် - 12 years ago
    people to face look
Leave a Comment
0/4000 chars
Submit Comment